Thursday, 6 September 2012

ကြေးမုံ (၆-၉-၂၀၁၂) နောင်နှစ် ၉၀၌ တိုကျိုမြို့တော်၏ လူဦးရေ ထက်ဝက်ကျဆင်းနိုင်ဖွယ်ရှိ


လက်ရှိကာလ ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး မြို့တော်ကြီးတစ်မြို့ဖြစ်သည့် တိုကျိုမြို့တော်၏ လူဦးရေသည် ၂၀၁၀ခုနှစ်တွင် ထက်ဝက်မျှကျဆင်း သွားလိမ့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၄ရက် သတင်းများ၌ ဖော်ပြထား သည်။ ၂၀၁၀ ခုနှစ်အရောက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တော်၏ စုစုပေါင်းလူဦးရေမှာ ၇ဒသမ ၁၃သန်းခန့်ရှိလိမ့် မည်ဖြစ်ကြောင်း သုတေသန အုပ်စုတစ်စုက ခန့်မှန်းသည်။
၂၀၁၀-ခုနှစ် သန်းခေါင် စာရင်းအရ တိုကျိုမြို့တော်၏ လူဦးရေမှာ ၁၃ဒသမ ၁၆သိန်းရှိခဲ့ပြီး လူဦးရေကျုံ့ဝင်မှုဖြစ် စဉ်မစတင်မီ ၂၀၁၀ ခုနှစ်တွင် အမြင့်ဆုံး ၁၃ ဒသမ ၃၅သိန်း အထိ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်ရသည်။ ဂျပန် နိုင်ငံသည် လူဦးရေ အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွမ်း ကျင်သူပညာရှင်များက သတိပေးထားသည်။
ဆေးပညာထွန်းကားလာမှုကြောင့် ဂျပန်နိုင်ငံသားများ သက်တမ်းရှည်ရှည် နေနိုင်ခဲ့သော်လည်း လူငယ်အိမ် ထောင်ရှင်များ နည်းသည်ထက် နည်းလာ၍ ကလေးမွေးဖွားမှုနှုန်းမှာလည်း ကျဆင်းလာလျက်ရှိသည်။ 

၂၀၁၀ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၄၉ဒသမ ၅၉သန်းမျှသာရှိတော့မည် ဖြစ်ရာ ၂၀၁၀ခုနှစ် သန်းခေါင်စာရင်း နှင့်နှိုင်းယှဉ်ပါကာ ၆၁ရာခိုင်နှုန်း ကျော်အထိထိုးကျခြင်း အဖြစ် သတ်မှန်နိုင်ကြောင်း ဂျပန်နိုင်ငံ အမျိုးသားလူ ဦးရေ အင်စကီကျူနှင့် လူမှုလုံခြုံရေး သုတေသနအဖွဲ့က သတိပေးခဲ့သည်။ ၂၀၁၀ ခုနှစ် တိုကျိုလူဦးရေ ၇ဒသမ ၁၃သန်းတွင် အသက် ၆၅နှစ်ထက် အရွယ်လွန်ဦးရေ ၃ဒသမ ၃၇သန်းပါဝင်လိမ့်မည် ဖြစ်ကြောင်း ယင်းအဖွဲ့အ စည်းက ပြောကြားခဲ့သည်။ 

ကုန်ထုတ်စွမ်း အားအမြင့်ဆုံး အရွယ်ကောင်းများ ကျဆင်းလာသည်နှင့်အမျှ ဒေသန္တရ အစိုးရအဖွဲ့များသည် ဘဏ္ဍာရေး ပြဿနာနှင့် အကြီးအကျယ် ရင်ဆိုင်လာရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ အေပီးသတင်း။

No comments:

Post a Comment