ကြံ့ဖွတ် စစ်အစိုးရ၏ ခဲဝါအကြံ
၂၀၁၂-စက်တင်ဘာ ၁၀ရက်။
အပိုင်း (၁)
မြန်မာအရေး မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် လေ့လာနေသူမဟုတ်ပေမဲ့ အရှိကိုအရှိ အမှန်ကိုအမှန် ပြည်သူ များသိစေလိုသော သမ္မာဆန္ဒဖြင့် မရေးချင်ဘဲရေးလိုက်ရသည်။ မပြောချင်ဘဲပြောလိုက်ရသည်။ အကြောင်းမှာ မှန်သော သစ္စတရားကို လူတိုင်းမြတ်နိုး တန်ဖိုးထားကြလိမ္မည်မဟု ယုံကြည်ခြင်းကြောင်းဖြစ်သည်။ ယ္ခုတလော မြန်မာနိုင်ငံ သမ္မတရုံးမှ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက် ပဋ္ဋိပက္ခဖြစ်ပွားသော အခြေအနေနှင့် သုံးသပ်ချက် ထဲမှာ ရခိုင်တိုင်းရင်းသားများအခြေအနေကို
(က)နိုင်ငံရေးပါတီများ သံဃာအချိုနှင့် လူပုဂ္ဂိုလ်အချိုကို ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမူကိုအ လွန်အကျွန် မြင်ကင်ခြင်း လူမျိုးရေးအရ အထင်အမြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းကို ဆောင်ရွက် လျှက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာ၌ ရခိုင်အသိုင်းအဝိုင်းကိုပါ ချဉ်းကပ်စည်းရုံးဆောင်ရွက်လျှက်ရှိသည်။
(ခ)နိုင်ငံ အနှံ့အပြားတွင် နေထိုင်သည့် ဘင်္ဂလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အဆက်မပြတ်ကြံ စည်လုပ်ဆောင်လျှက်ရှိသည်။
(ဂ)မြန်မာနိုင်ငံ၏ အဆက်ဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွါးများကို ဖော်ဆောင် ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်း သားစည်း လုံးညီညွတ်မူကို ပြိုကွဲစေသည့် လှုံဆော်မူများကိုတွေ့ရသည်။
(ဃ) ရခိုင်ပြည်အတွင်း ဘင်္ဂလီများ ခိုးဝင်မူကို ထိရောက်စွာ တားဆီခြင်းမရှိ ၊ လူဝင်မူကြီးကြပ်ရေးလုပ် ငန်းများ အပေါ် အဂတိလိုက်စားသော ဝန်ထမ်းများအား အရေးယူခြင်း မရှိခြင်းကြောင်း စွပ်စွဲမူတချိုရှိသည်။
(င)ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကို မျှော်ကိုးလျှက် ဥပဒေကို မျက်ကွယ်ပြု ကာ ဘင်္ဂလီ မူဆင်များအပေါ် မသင့်မလျှော် ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျှက်ရှိသည်။
(စ) ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ ဘင်္ဂလီမူဆလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကို လည်းနားလည် လက်ခံနိုင်ခြင်းမရှိကြောင်းတွေ့ရှိရသည်။
(ဆ) ဘင်္ဂလီများကိုသာ တဖက်သတ် ကူညီနေသည်ဟု ရှူမြင်ချက်ဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် နိုင်ငံတ ကာအစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် အငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင်းမနေရေး အောင်ဆောက်ရွက်လာသည်။
(ဇ)ရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်အချို့သည် ပဋ္ဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂလီများ၏စီး ပွားရေးလုပ်ငန်းများကို အချောင်ရယူရန် ကြိုးမဲ့လာဘ်ကြောင်းတွေ့ရသည်။
ဤသုံးသပ်ချက် (၉) ချက်သည် ရခိုင်လူမျိုးများကို စော်ကားရက်စက်ခြင်းသာမက နိုင်ငံရေးပေါ်လစီ နှိုပ်ဆန့်နိုင် ရန် အထက်နှင့်အောက် အာဏာပိုင်များ၏ ပူးပေါင်း ကြံစည်မူကြီးဖြစ်သည်။ သို့ ဖြစ်၍ ဤထုတ်ပြန် ချက်သည် ဂုဏ်သရေရှိ လွှတ်တော်ထဲမှ အစိုးရအုပ်ချုပ်ရေးအဖွဲ့ အာဏာပိုင် သမကရုံးမှ သုံးသပ်ချက်နှင့်မတူ ဘဲရခိုင် လူမျိုးများကို မလိုမုန်းထားရန် လိုက်နေကြသူများ၏ ထုတ်ပြန်သုံးသပ်ချက်နှင့် အတူနေသည်။ ထို့ ကြောင့် ရခိုင်ပြည်နယ် အရေးအခင်း စတင်ဖြစ်ပွားသော ၂၀၁၂-ခုနှစ် ဇွန်လ (၈) ရက်သောကြာနေ့ မောင်တောမြို့ ပလီကြီးနှင့် မူဆလင်များ ဝတ်ပြုဆုတောင်းပွဲကို သိန်းပေါင်း ၃၅၀၀ လာဒ်ယူပြီး ခွင့်ပြုခဲ့သော (နစက) ကွပ်ကဲ ရေးမူ ဒုဗိုလ်မူကြီး အောင်ကြီးကဲသို့ ----
(၁) သမတရုံးမှ မူဆလင်များမှ လာဒ်ငွယူပြီး သုံးသပ်ခြင်းလား?
(၂) oic (ကမ္ဘာ့မူဆလင်များအဖွဲ့ချုပ်) ဖိအားကြောင့်ထုတ်ပြန်ခြင်းလား?
(၃) ဤသုံးသပ်ချက်နောက်ကွယ်မှာ နိုင်ငံရေးလုပ်ကြံဖန်တီး မူများရှိနေကြပြီးလား? တွေးတောစဉ်စားစရာဖြစ် လာသည်။ အကြောင်းမှာ သမတ ဦးသိန်းစိန်ကိုယ်တိုင်က ရခိုင်ပြည်နယ် အရေးအခင်းနှင့် ပတ်သက်၍ အဖြစ် မှန်ပေါ်ပေါက်အောင် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုဖွဲ့စည်းပေးပြီး အစီအရင်ခံစာတင် ပြရန် တာဝန်ပေးအပ်ပြီး ဖြစ်ခြင်းကြောင်းဖြစ်သည်။ ဤသုံးသပ်ချက်သည် လုပ်ကြံဖန်တီးထားသော သုံးသပ် ချက်သာဖြစ်နိုင်သည်၊ စုံစမ်းစစ်ဆေးရေးကော်မရှင် မဖွဲ့စည်းရသေးဆိုလျှင် လုပ်ကြံဖန်တီးသည်ဟု ပြစ်ဆိုဖွယ် မရှိပေ ။ ယ္ခုကား ကော်မရှင်ရှိပြီးဖြစ်ပါလျှက် တင်ကြို၍သုံးသပ်ခြင်းမှာ နိုင်ငံရေးလုပ်ကြံမူကြီးဟု ယုံကြည်နိုင် သည်။
ကြံ့ဖွတ် စစ်အစိုးရ၏ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း ပြင်ဆင်မူနှင့် အဓိက ဂုဏ်စတင်မူ အခြေအနေ ကိုသုံးသပ်ရလျှင် ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲအပြီး ကြံ့ဖွတ်ပါတီ၏ ရခိုင်ပြည်နယ် တာဝန်ခံမှာ ယခင်ပြည် ထဲရေး ဝန်ကြီးဟောင်းနှင့် ရခိုင်ပြည်နယ်တိုင်းမှူးဟောင်း မောင်ဦးဖြစ်သည်။ ဤမောင်ဦးသည် ရခိုင်ပြည် နယ်တိုင်းမှူး ဘဝတုံးက ရသေ့တောင်မြို့ ဘုရားပွဲတခု၌ ရခိုင်သူမကို ရွှေကြိုးဆွဲပြီးပွဲအလာမှာ ငါရခိုင်ကို ရောက်တာနောက်ကျ သွားတယ် မဟုတ်ရင်ဒီကောင်မတွေ ရွှေဆွဲကြိုးဘယ်တော့မှ မဆွဲစေရဘူးဟုဆိုပြီး လူအများရှေ့မှာ ရခိုင်တမျိုး သားလုံးကို စော်ကားအနိုင်ကျင့်ခဲ့သူပါ၊ နောက်ပြီးတိုင်းမှူးဘဝမှာပင် စစ်တွေမြို့ ပေါက်တောစသည့်မြို့များ၌ ရခိုင် သားများကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သူပါ။ ဤသို့လူမျိုးရေးခွဲခြား ဆက်ဆံမူနှင့် နအဖစစ်အစိုးရ၏ ရခိုင်လူမျိုးများအပေါ် စီးပွါးရေးအသေသတ် အမျိုးသမီးများကို သွေးနှော၊ ရှေ့ဟောင်း အမွေအနှစ်များကို တူးဖြိုဖျက်ဆီး ပေါ်လစီများကို ကျပ်ပြည့်တင်းပြည့် အကောင်အထည်ဖေါ်ခဲ့သူ ဖြစ်သည်။ ၂၀၀၈-ခု ပြည်သူ့ ဆန္ဒခံယူပွဲအပြီး၌ကား အာဏာရှင် ဗိုလ်သန်းရွှေ၏ ညွှန်ကြားချက်အရ တိုင်းနှင့် ပြည်နယ်များ၌ အုပ်ချုပ်ရေးမူများ ခန့်ထားနိုင်ရေး အတွက် စစ်ဗိုလ်များအား လူထွက်စေကာ စစ်ထောက် ရေးမှသင်တန်းပေး၍ ကြိုတင်ပြင်ဆင်ထားခြင်း ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ကြံ့ဖွတ်ပါတီ အနိုင်ရစေရန် တရားမဝင် ရိုဟင်ဂျာအမည်ခံ စီးပွါးရေး သမားများကို အမတ်လောင်းအဖြစ် မဲခံစေခြင်း၊ ဘင်္ဂလီမူဆလင်များအပေါ် ဥပဒေကိုမျက်ကွယ်ပြုကာ မျက်နှာသား ပေးခြင်းကိုပြုလုပ်ပြီးနောက် ၂၀၁၁-ခု မေလ ၁၄ ရက်နေ့ ရခိုင်ပြည်နယ်အတွင်း ကြံ့ဖွတ်အစိုးရ ရုံးခရီးစဉ်နှင့် ဦးမောင်ဦးသည် မောင်တောမြို့ နယ်အလယ်သံကျော် ကျေးရွာအုပ်ချုပ်ရေးမှူး ရခိုင်အမျိုးသား ဦးအောင်သန်းဦးကို အပြစ်တစုံတရာမရှိဘဲ လက်ကဒုံးဖြုတ်ပစ်ခဲ့သူပါ။ ထို့အတူ မေလထဲမှာပင် ပေါက်တောမြို့၌ မြို့မိမြို့ဖများအား ဖိတ်ကြားပြီး ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ RNDP ကအနိုင်ရပေမဲ့ ကြံ့ခိုင်ရေးပါတီကပဲနိုင်တယ်၊ ကြံခိုင်ရေး ပါတီဟာ မြန်မာနိုင်ငံမှာ ရာသက်ပန် အုပ်ချုပ်မဲ့ပါတီဘဲ ခင်ဗျာတို့ မှတ်ထားကြ။ တောင်ပိုင်းသားတွေဟာ ရခိုင် အစစ်တွေမဟုတ်လား ခင်ဗျားတို့ရခိုင်တွေဟာ ၂၀၀၈-ခုနှစ် အခြေခံဥပဒေကို ထောက်ခံကြတယ်၊ စာတွေမဖတ်ကြ ဘူးလားဆိုပြီး ပရိတ် သပ်ကို လက်ညှိုးထိုးပြီး ပြောခဲ့တဲ့သူပါ။
မြန်မာနိုင်ငံ၌ မောင်းဦးသည် သမတ ဦးသိန်းစိန်အစိုးရအား အာဏာမအပ်နှင်းမီ ရခိုင်ပြည်နယ် အုပ်ချုပ်ရေး အဆင့်တိုင်း၌ ရာထူးများကို ခန့်အပ်ခဲ့သည်အကြောင်းမှာ ကြံ့ဖွတ်ပါတီကို မဲမပေးကြသော ရခိုင်လူ မျိုးများကို ဖိနှိုပ်လိုခြင်းကြောင်းဖြစ်သည်။ တိုင်းအုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမူး ကျေးရွာအုပ်ချုပ်ရေးမူး အားလုံး သည်မောင်ဦးစိတ်ကြိုက်ခန့် ထားသူများသာဖြစ်သည်။
ဤသို့ စိတ်ကြိုက်လူ စိစ်ကြိုက်ရာထူးများကိုခန့် အပ်ပြီးနောက် ၂၀၁၁-ခုနှစ်မှာပင် ဤမောင်ဦး သည် မြို့နယ် အုပ်ချုပ်ရေးမူးများ အကူအညီနှင့် အကြမ်းဖက်သမား မူဂျာဟစ်များထံမှ လာဒ်ငွေ အမြောက်အများကို ရယူကာ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ်ကြား၌ Rohingyagya Solderati Organization (RSO) အကြမ်း ဖက်အဖွဲ့ကို သင်တန်းတက်စေပြီး လက်နက်ကိုင် ခွင့်ပြုထားကြောင်း တာဝန်သိ ပြည်သူတဦး၏ သတင်းပေး ချက်အရသိရခဲ့သည်။ မှန်ပါသည် ယင်းအကြမ်းဖက်သမားများသည် နီးစပ်ရာစခန်း များနှင့် ပူးပေါင်းကာ ရခိုင် အိမ်များကို ဓါးမြတိုက်ကြသည်။ ရသမျှငွေကို စခန်းကိုပေးခဲ့ပြီး သူ့ကိုလုံခြုံရေးအတွက် လာဒ်ထိုးကြသည်။ ထို့ကြောင့် သတင်းမီဒီယာများမှ ဖေါ်ထုတ်လွှင့်မှသာ ၂၀၁၁-ခုနှစ်အတွင်း၌ ဒုတိုင်းမူးမှ စစ်ဆင်ရေးဖြင့် နိုင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ မီဒီယာများမှ ထုတ်လွှင့်ခဲ့သည်။ ဤသို့ အကြမ်းဖက်အဖွဲ့များကို လက်ခံပြီး စစ်သင် တန်းတက်စေခြင်းသည် အဓိကရုဏ်းကို ဖန်တီးလျှက် ရခိုင်ပြည်နယ်အား ရောင်းစားကြရန် ကြံဆောင် နေကြ သလား၊ ရခိုင်ပြည်သူများ စိုးရိမ်စိတ်ရှိခဲ့ကြသည်။ ဤအခြေအနေ အောက်တွင် ၂၀၁၂-ခု မေလ ၂၈ ရက် နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စု သပြေချောင်းရွာသူ မသီတာထွေးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး နောက် ၅ ရက်အကြာတွင် တောင်ကုတ်မြို့ တွင် မူဆလင်များကို သတ်ဖြတ်မူပေါ်လာသည်။ ဤသတ်ဖြတ်မူကို ဖန်တီးသူ မည်သူနည်း။ ပြည်ခိုင်ဖြိုးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမူးမှ ဦးဆောင်သတ်ခဲ့ကြောင်း အများပြည်သူ အသိပင်ဖြစ်သည်။ ထို့ အတူ ဇွန်လ (၈) ရက်(သောကြာနေ့) မောင်တောမြို့  မူဆလင်များ ဝတ်ပြုဆုတောင်း ပွဲကို သိန်းပေါင်း ၃၅၀၀ လာဒ်ယူပြီး ခွင့်ပြုခဲ့သည်မှာလည်း နစက ကွပ်ကဲရေးမှူး ဒုဗိုလ်မှူကြီး အောင်ကြီး သာဖြစ်သည်။ ဇွန်လ (၉) ရက် မောင်တောတောင်ပိုင်း ရခိုင်ရွာများကို မီးရှို့ဖျက်ဆီး လူကိုပါသတ်ရာတွင် ထိရောက်စွာ မဟန့်တားနိုင်ခဲ့ခြင်းမှာလည်း ဗိုလ်မှူကြီးအောင်ကြီး၏ တာဝန်မဲ့လုပ်ရပ်သာဖြစ်သည်။ ယင်းမီး ရှို့မှုနောက်ကွယ်မှာကား အလယ်ကိုင်ဒါနှင့် အကြမ်းဖက်သမား RSO များပါဝင်ခဲ့သည်၊။ ရခိုင်ပြည်သူများ စိုးရိမ် စိတ်သည် မှန်ကန်ကြပြီး မဟုတ်ပါလား?
သို့ ဖြစ်၍ ရခိုင်ပြည် အရေးအခင်း၌ ရခိုင်အမျိုးသားများမှာ မိမိဒေသ မိမိရပ်ရွာ၌ အေးချမ်းစွာနေထိုင် ခွင့်မရကြဘဲ အကြမ်းဖက်သမား မူဆလင်များ၏ အကြမ်းဖက်နှိုပ်စက်မူကို ခံခဲ့ရသည်။ ရခိုင်သားမျးသည် စတင် ရန်လိုသူ စတင်ဖန်တီး သူများမဟုတ်ပေ။ ခုခံကာကွယ်ကြသူများ သာဖြစ်သည်။ ဤအခြေအနေကို သိလျှက် ကြံ့ဖွတ်အစိုးရ သမ္မတရုံးမှ သုံးသပ်ချက်သည် ပူးပေါင်းကြံစည်မူ သာဖြစ်သည်။ သို့မဟုတ် နိုင်ငံရေးအရ ပေါ်လစီချ ဆိုနိုင်ကြရန် လုပ်ကြံဖန်တီးမူ သာဖြစ်သည်။ ထို့ကြောင်း ရခိုင်ပြည်နယ် အရေးအခင်းကို ပြည်ထောင် စုရှိ တိုင်းရင်း သားများ အဖြစ်မှန်ကိုသိရှိကာ ဤအရေးအခင်းသည် ရခိုင်တိုင်းရင်းသားများ အရေးမဟုတ် ပြည်ထောင်စုရှို တိုင်းရင်းသားများအရေးဟု ဝိုင်းဝန်းထောက်ခံ ကြခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ ဒီမိုကရေ စီအပြောင်းအလဲ နှင့် ပွင့်လင်းသောအချိန်၌ ပြည်ထောင်စုရှိ တိုင်းရင်းသားပါတီများ ပြည်ပမှနိုင်ငံရေးပါတီများ ဒုက္ခသည်အရေးအ ခင်းကို အကူအညီပေးရန် ရောက်လာကြသော မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ် အရေးအခင်း၌ ပဂတိအခြေအနေမှန်ကို ထုတ်ဖော်ပြော်ကြားလာကြသောအခါ ကြံ့ဖွတ်စစ်အစိုးရ၏ “ခဲဝါ အကြံ“မှာ ဖူးပေါ်သလို ထင်ထင်ရှားရှား ပေါ်လာသည်။ သို့ ဖြစ်၍ ဆင်သေကောင်ကြီးကို ဆိတ်အရီနှင့်ဖုံး အုပ် ရန် သမ္မတရုံးမှ ပဋ္ဋိပက္ခဖြစ် ပွါးသော ပြည်သူများ၏ အခြေအနေနှင့် သုံးသပ်ချက်ကိုထုတ်ပြန်ကာ ကြံ့ ဖွတ်ပါ တီဝင် နယ်စပ်ဒေသ အရာရှိများနှင့် သမတရုံးတို့ ပူးပေါင်ကြံစည်မူ တို့ဖြစ်သည်။ အပြစ်ပုံချထားခြင်းမှာ နိုင်ငံ ရေးလုပ်ကြံမူဖြစ်သည်။ မိမိအပြစ်ကို တပါးသူသို့ ပုံချခြင်းဖြစ်သည် ဤကားကြံ့ဖွတ် စစ်အစိုးရ၏ ခဲဝါအကြံကို အမှန်တရားကို တန်ဖိုးထားကြသူများ သိရှိအောင် အရှိကိုအရှိ အမှန်ကိုအမှန်အတိုင်း တင်ပြခြင်းဖြစ်သည်။
အပိုင်း ၂ သို့  စိုးအောင် (ရခိုင်ပြည်နယ်)
No comments:
Post a Comment