Saturday, 15 September 2012

ဗိုလ်ချုပ်အောင်ဆန်း သမိုင်းကြောင်းမှတ်တမ်း


 ဗိုလ်ချုပ်အောင်ဆန်း သမိုင်းကြောင်းမှတ်တမ်း
၁၉၄၇ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့က လုပ်ကြံခံခဲ့ရသော အာဇာနည် (၉)ဦး၏ ကိုယ်ရေးအကျဉ်း
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
ဦးမင်းရောက်၏မြေး၊ နတ်မောက်မြို့နေ ရှေ့နေကြီး အဘဦးဖာ၊ အမိဒေါ်စုတို့၏သားထွေး။
၁၉၁၅ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ရက် (၁၂၇၆ခု တပေါင်းလဆန်း ၁ရက်)၊ စနေနေ့တွင် ဖွားမြင်။
ငယ်အမည် ထိန်လင်းဖြစ်ပြီး အစ်ကိုအောင်သန်းအမည်နှင့် လိုက်ရန် အောင်ဆန်းဟု အမည်ပေး။
၁၉၃၇-၃၈ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖြစဆောင်ရွက်။
၁၉၃၈ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားကိုစားလှယ်၊ တက္ကသိုလ်ကောင်စီဝင် အဖြစ်ဆောင်ရွက်။
၁၉၃၈ခုနှစ်တွင် တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်။
၁၉၄၀ ဗမာထွက်ရပ်ဂိုဏ်းကြီး တည်ထောင်ရာတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်။
သခင်မြနှင့်အတူ လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီရှာရန် ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့စည်း။
၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ယိုးဒယားပြည် ( ထိုင်းနိုင်ငံ) ဘန်ကောက်မြို့---ဗမာ့လွတ်လပ် ရေးတပ်မတော် (ဘီ၊ အိုင်၊အေ) ဖွဲ့စည်း။ ဗိုလ်တေဇအမည်ခံယူ။
၁၉၄၂ တွင် ဂျပန်တပ်များနှင့် ပှူပေါင်း----ဘီ၊ အိုင်၊အေကို ဦးဆောင်ကာ မြန်မာနိုင်ငံ ကို ချီတက်တိုက်ခိုက်ခဲ့။
၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဗိုလ်မှူကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ်
ဆောင်ရွက်။
၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ခေါ်ခင်ကြည်နှင့် လက်ထပ်၊။
၁၉၄၃ ခုနှစ်သြဂုတ်လတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး (ဖ.ဆ.ပ.လ)ကို လျှို့ဝှက်ဖွဲ့စည်း။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန်လူထုအစည်းအဝေးကြီး---သဘာပတိအဖြစ် ဆောင်ရွတ်ဗမာ့လွတ်လပ်ရေးတောင်းဆို။
၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံအလယ်ပစ္စယံ--- ကျင်းပသော ပြည်လုံးကျွတ် ဖ.ဆ.ပ.လ ညီလာခံကိုဦိးစီးဆောင်ရွက်။  

No comments:

Post a Comment