စက်တင်ဘာ ၁၆ (၂၀၁၂)
ကျွန်သဘောက်ဘ၀နှင့် ရခိုင်ပြည် သမိုင်းအကြောင်း အစေ့တစောင်း လေ့လာနိုင်သည်။ (၁၉၄၂-၁၉၆၂) ကိုပြန်လည် သုံးသပ်ခြင်း။
ပထမပိုင်း (၁၉၄၂-၁၉၄၇)
၁။ (၁၈၂၉-၁၉၄၂)ထိ ဗြိတိသျှလက်အောင် ကျွန်သဘောက်ဘ၀နှင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ အင်္ဂလိပ် နယ်ချဲ့များ၏ ကိုယ်လိုနီ ကျွန်ဖြစ်ခဲ့ရသည်။ ယင်းကာလတွင် အရင်းရှင် နယ်ချဲ့တို့၏ စီးပွားရေး အကျိုးအမြတ် ကြောင့် လယ်ကူလီများ ၀င်ရောက်မှုကို အကန့်အသတ်မရှိ ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဗြိတိသျှတို့၏ တံခါးမရှိ ဓါးမရှိ လူဝင်မှု ၀ါဒသည် ရခိုင်ပြည်၌ စစ်တကောင်းသား ဘင်္ဂလီများ အဆမတန် တိုးပွားမှုကို ဖြစ်စေခဲ့သည်။ သို့ဖြစ်၍ ရခိုင်ပြည်၌ မူဆလင်များ တိုးပွားမှု အခြေအနေကို ယေဘုယျအားဖြင့် ဤသို့သုံးသပ်နိုင်သည်။ (က) ၁၈၂၄-ခု အင်္ဂလိပ် ဗမာပထမ စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော ဦးမောင်ညိုအား အင်္ဂလိပ်တို့က ဆုလာဒ်အဖြစ် နတ်မြစ်ဝဲယာကို နယ်စားအဖြစ် (သို့မဟုတ်) ကျွန်းအုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဦးမောင်ညို၏ မှတ်တမ်းအရ ရခိုင်ပြည်တွင် အင်္ဂလိပ် အုပ်ချုပ်မှု စတင်သောအခါ ဗမာပဒေသရာဇ် လက်ထက်၌ ထွက်ပြေးတိမ်းရှောင်ခဲ့သြ သူ ရခိုင်သားများကို အနောက်ပြည် (ခေါ်) ဘင်္ဂလားဒေ့ခ်ျဘက်ကမ်းမှ ခေါ်ယူ၍ နတ်မြစ်အရှေ့ဘက် ကမ်း၌ ရွာတည်၍ အခြေတကျ နေထိုင်ခွင့်ကို ပြုခဲ့ကြသည်။ ထို့နောက် ကျွန်းအုပ်မှတဆင့် စစ်တကောင်း ဘ၈င်္လီများ ကို လယ်ကူလီအဖြစ် ခေါ်ယူ၍ နတ်မြစ်ဝဲယာ၌ ရပ်ရွာတည်ဆောက် ပေးခဲ့ကြသည်။ (ခ) ၁၉၈၀-ခု ပတ်ဝန်း ကျင်တွင်ကား စပါးရိပ်သိမ်းရန် လာကြသော လယ်ကူလီများကို ဗြိတိသျှတို့၏ လယ်မြေတိုးချဲ့လုပ်ကိုင်ခွင့် ပြု (ပြုစုကောင်း) ၁၅ဦးက လယ်ယာမြေ ခုတ်ထွင် ရှင်းလင်းရန် မောင်တောမြို့နယ်သို့ စစ်တကောင်းသား ဘင်္ဂလီ များကို ခေါ်သွင်းမှုကြောင့် မူဆလင်များ ရောက်လာခဲ့ကြသည်။ ထို့အတူ ရခိုင်ပြည်ရှိ အခြားမြို့နယ်များရှိ ပြုစု ကောင်းတို့ကလည်း လယ်ယာမြေကိုတိုးချဲ့နိုင်ရန် ခေါ်ယူခဲ့ကြသည်။ (ဂ) ၁၉၃၅-ခု တွဲရေး ခွဲရေးကို အကြောင်း ပြုကာ (ဦးဘေးဆာကာ) စာချုပ်အရ ဘင်္ဂလီများ ၀င်ရောက်မှုကို (၃)နှစ် (၃)မိုးထိ ခွင့်ပြုခဲ့ရာ ဘူးသီးတောင် မောင်တောမြို့နယ်များ၌ မကြုံစဖူး မူဆလင်ကုလားများ ၀င်ရောက်နေထိုင် ခဲ့ကြသည်။ (ဃ) တဖန် ၁၉၃၇-ခု မိုမတ်ဟန်၏ နယ်ခြားသတ်မှတ်ရေးကို နတ်မြစ်မှ ခွဲခြားလိုက်သောအခါ စပါးရိပ်သိမ်းရန် လာကြစဉ် ပြန်လေ့ရှိ သူများမှာ ပြန်လည် မပြန်လာနိုင်မည်ကို စိုးရိမ်ကြပြီး စစ်တကောင်း ဘင်္ဂလီအများအပြား ၀င်ရောက်နေထိုင်ခဲ့ ကြသည်။ (င) ၁၉၄၂-ခု ရခိုင်-ကုလား အဓိကရုဏ်း ဒဏ်ရာ ဒဏ်ချက်အဖြစ် ရခိုင် ရွာပျက် ရွာဟောင်းများနှင့် မြေလပ်ဒေသများ၌ စစ်တကောင်းသား ဘင်္ဂလီများ အလုံးအရင်းနှင့် ၀င်ရောက်မှုကို ခံခဲ့ရသည်။ (စ) ၁၉၄၅-ခုနှစ် ဗြိတိသျှ သခင်ဟောင်းများ ရခိုင်ပြည်သို့ ပြန်လာချိန်တွင် ဗြိတိသျှ သခင်ဟောင်းနှင့်အတူ ဘင်္ဂလီများ ဖ၀ါးထပ်ချင်းမကွာ လိုက်လာမှုကြောင့် မူဆလင်များ ထပ်တိုးခဲ့ရပြန်သည်။ (ဆ) ထို့အတူ ၁၉၄၇-ခု မူဂျာဟစ် သူပုန်များ၏ အကာအကွယ်နှင့် ရခိုင်ပိုင် လယ်ယာမြေများကို သိမ်းလိုက်နိုင်အောင် စစ်တကောင်းသား ဘင်္ဂလီ များကို ခေါ်သွင်းခြင်း ခံခဲ့ရပြန်သည်။ (ဇ) လွတ်လပ်ရေးခေတ် ၁၉၅၆-ခု ဒုတိယအကြိမ် ရွေးကောက်ပွဲကာလ၌ အမတ်ဦးရေ တိုးပွားမှုကို အခွင့်ကောင်းယူကာ တဘက်နိုင်ငံမှ ဦးနု ဖဆပလ အစိုးရမှ ဘင်္ဂလီများကို ခိုးသွင်း ပြန်သည်။ သို့ဖြစ်၍ ရခိုင်ပြည်၌ ကျွန်အခြေအနေများကြောင့် စစ်တကောင်းသား ဘင်္ဂလီများ တိုးပွားခဲ့ရခြင်းဖြစ် သည်။ (၂) ၁၉၄၀-ခုနှစ်မှ စတင်၍ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။ ယင်းဒုတိယ ကမ္ဘာစစ်သည် ရခိုင်လူမျိုးများ ကို အမျိုးမျိုး ဒုက္ခပေးခဲ့သော စစ်ဖြစ်ခဲ့သည်။ ၁၉၄၂-ခုနှစ်တွင် ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာသည်။ ရခိုင်-ကု လားလူမျိုးရေး အဓိကရုဏ်းဖြစ်ပွားသည်။ ဖက်ဆက်ဂျပန်များ ၀င်ရောက်လာသည်။ ဤအပြောင်းအလဲများ ကြောင့် ရခိုင်လူမျိုးများ၌ အစားထိုးမရနိုင်သော ဆုံးရှုံးမှုများ ရှိခဲ့ကြသည်။ ကျွန်အခြေအနေကို ဤသို့သုံးသပ် နိုင်သည်။ (က) ၁၉၄၂-ခုနှစ်တွင် ဗြိတိသျှအရင်းရှင်တို့သည် ဒုတိယကမ္ဘာစစ်ကြောင့် အန္ဒိယသို့ ဆုတ်ခွာကြစဉ် မိမိတို့ အောင်မြင်စွာ ဆုတ်ခွာနိုင်အောင် ရခိုင်ပြည်၌ ရခိုင်နှင့် ကုလားတွင် ကုလားများကို မိမိတို့ဘက်တော် သားအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ကုလားများထံ သယ်မယူနိုင်သော လက်နက်ပုန်းများကို ပေးအပ် ခဲ့ကြသည်။ ရခိုင်ကိုကား ရခိုင်သူအဖြစ် သတ်မှတ်ခဲ့ပုံ ပေါ်သည်။ အကြောင်းမှာ “ဗြတိသျှအခက် ရခိုင်အချက်” ဟု ဗြတိသျှတို့ကို တော်လှန်ကြရန် ပြင်ဆင်ခြင်းကြောင့် ဖြစ်သည်။ တော်လှန်လည်း တော်လှန်ခဲ့ကြသည်။ ဗြိတိ သျှဘက်တော်သား အရေးအပိုင်း ဦးဦးကျော်ခိုင်၏ စစ်အုပ်ချုပ်မှုကို တော်လှန်ခဲ့ကြသည်။
စိုးအောင်(ရခိုင်ပြည်)
No comments:
Post a Comment