Tuesday, 11 September 2012

OIC လေ့လာရေးအဖွဲ့ စစ်တွေသို့ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၀
ပြည်ထောင်စု ၀န်ကြီးနှင့် (oic)လေ့လာရေးအဖွဲ့မှ  သံအမတ်ကြီးနှင့်အဖွဲ့ စစ်တွေမြို့ ကယ်ဆယ်ရေးစခန်း  ဒေသခံတိုင်းရင်းသား မိသားစုများအား  အားပေးစကားပြောကြား။
နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့သည် နယူးယောက်မြို့  အခြေစိုက် အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (oic)လေ့လာ ရေးအဖွဲ့ရုံးမှ သံအမတ်ကြီး H.E.Mr Ufuk Gokcen နှင့်အဖွဲ့ဝင်များ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး Mr. Budi Atnadi Adiputo နှင့်အဖွဲ့ဝင်များအား စက်တင်ဘာ ၉ရက်မွန်းလွဲပိုင်း တွင်ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်များ၊ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရ မဟုတ် သော အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်မှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေး ပြန်လည်ထူထောင် ရေးကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားရာ oic အဖွဲ့အသင်းများနှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ကိုယ်စားလှယ်များက သိရှိလိုသည်များနှင့် ပူးပေါင်းဆောင်ရွက် ပေးနိုင်မည် ကိစ္စရာရပ်များအပေါ် အပြန်အလှန် ညိုနှိုင်း ဆွေးနွေးကြသည်။ ထို့နောက် ပြည်ထောင်စု ၀န်ကြီးနှင့် oic လေ့လာရေး အဖွဲ့ရုံးမှ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ရွှေ့ပြောင်း ဒုက္ခ သည်များနှင့် တွေ့ဆုံကာ နေထိုင်ရေး၊ စားသောက်ရေး ကျန်းမာရေး၊ ပညာရေးအခြေအနေ မှန်များကို မေးမြန်း ဆွေးနွေးကြသည်။ ဆက်လက်၍ ဓည၀တီ ဘောလုံးကွင်း ကယ်ဆယ်ရေးစခန်း၌ ဒေသခံ တိုင်းရင်းသား မိသား စုများနှင့် တွေ့ဆုံမေးမြန်း အားပေးစကားပြောကြားပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
 မြန်မာ့အလင်း
ကြေးမုံ (၈-၈-၂၀၁၂)
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမောင်သာခင်၏ “မောင်တောမြို့ ပြည်သူ့ဆေးရုံကို ခုတင် (၁၀၀)ဆံ့ဆေး ရုံးအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ခုတင် (၅၀)ဆံ့မြို့နယ်ဆေးရုံတစ်ရုံး၊ (၁၆) ခုတင်ဆံ့တိုက်နယ်ဆေးရုံး လေးရုံ၊ )အလယ်သံကျော်၊ ကြိမ်ချောင်း၊ တောင်ပြိုလက်ဝဲ၊ အောင်သပြေ) ကျေးလက်ကျန်းမာရေးဌာန ကိုးခု၊ (အလယ်သံကျော်၊ ကြိမ်ချောင်း၊ တောင်ပြိုလက်ဝဲ၊ အောင်သပြေ၊ မြို့သူကြီး၊ သမန်သား၊ သရက်အုတ်၊ ငါးခူရ၊ မြင်းလွတ်)နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃၅ခု ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း။
မောင်တောမြို့ (၁၆)ခုတင်ဆံ့မြို့နယ်ဆေးရုံးအား ခုတင် (၅၀) ဆံ့ဆေးရုံအဖြစ် ၂၅-၇-၂၀၁၂ ရက်နေ့တွင် ၀န်ထမ်းအင်အား (၈၁) ဦးပါ စံကိုက်ဖွဲ့စည်းပုံဖြင့် တိုးမြှင့်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ခရိုင်အဆင့်ဆေးရုံဖြစ်သည် နှင့်အညီ ၇-၁၀-၁၉၉၇ရက်နေ့တွင် အထူးကုဆရာဝန် (၆)ဦးပါဖွဲ့စည်းပုံ (မေဆေး၊ သားဖွား မီးယပ်၊ ကလေး၊ ခွဲစိတ်၊ ဆေးပညာ၊ သွားအထူးကုဆရာဝန်) တို့ဖြင့်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ခုတင် (၅၀) ဆံ့ဆေးရုံကို ခုတင် (၁၀၀) ဆံ့ခရိုင်အဖြစ်သို့တိုးမြှင့် နိုင်ရန်အတွက် လောလောဆယ် အနေဖြင့် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ဖြေကြားသည်။

No comments:

Post a Comment