Monday, 17 September 2012

မလေးသို့ တရားမ၀င် ထွက်ခွာသူ ၁၂၀ ဦးကို ထပ်မံဖမ်းဆီး

မလေးသို့ တရားမ၀င် ထွက်ခွာသူ ၁၂၀ ဦးကို ထပ်မံဖမ်းဆီး ဇော်ဇော်   ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒုတိယမြို့တော် စစ်တကောင်းကနေ မလေးရှားနိုင်ငံသို့ တရားမ၀င်ထွက်ခွာသူ လူပေါင်း ၁၂၀ကို ရဲတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၁၇ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။  သူတို့သည် စစ်တကောင်းမြို့နယ် ဘင်္ဂခါးလီ ဒေသမှ ပင်လယ်ကိုဖြတ်ကျော်ကာ တရားမ၀င်လမ်းမှ တဆင့် ထွက်ခွာရန် ကြိုးစားသူရာ၌ ယခုလိုဖမ်းဆီး ခံလိုက်ရသည်ဟု သိရသည်။ “သူတို့ကို မနက်အာရုဏ် ၃နာရီလောက်မှာ ဖမ်းဆီးတာဖြစ်ပါတယ်” ဟု ဘင်္ဂခါးလီ ရဲဌာနမှ အရာရှိတဦးဖြစ် သည့် Akter Hossain က bdnews24 သို့ပြောကြားသည်။ ယမန်နေ့ကလည်း မလေးရှားသို့ ထွက်ခွာရန် ကြိုးစားသူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ၁၇ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးဖြစ် သည်ဟု ဆိုသည်။ ၄င်းတို့မှာ ဘင်္ဂခါးလီမြို့နယ် ရှာနူ ကမ်းခြေမှတဆင့် မလေးရှားသို့ ဘုတ်တစီးဖြင့် ထွက်ခွာရန် ကြိုးစားချိန်တွင် ရဲတပ် ဖွဲ့မှ သွားရောက် ဖမ်းဆီးခြင်းဖြစ်ဟု ဆိုသည်။

No comments:

Post a Comment