ရခိုင်လူမျိုးနှင့် မြန်မာစာဖြစ်ပေါ်လာပုံအကြောင်း
သိကောင်းစရာ ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသောဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။မြန်မာစာ
မည်သို့မည်ပုံဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင်ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍
ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ကိုယ်ပိုင်စာပေ´´ အနေဖြင့်အသိအမှတ်ပြုထားသောကြောင့်ဖြစ်၏။
မြန်မာနိုင်ငံတွင် မြန်မာစာဟုသတ်မှတ်ခံထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့ကမိမိတို့၏
´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။ စာပေကိုရေးသားသည့်အခါ၌
ရခိုင်စကားအပြောအသုံးအနှုန်းဖြင့်ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့်ရေးသားခြင်းဟူ၍သာ
ခွဲခြားထားသည်။ အက္ခရာစာပေအနေဖြင့်မူ သည်အက္ခရာသည် စာပေဖြင့်သာရေသားနေကြခြင်းဖြစ်ပါသည်။